Monday, October 12, 2009

ပန်ချီကားထဲမှ လူများ



မနေ့ကတွေကိုသိခဲ့ သယောင်ယောင်နဲ့
မနက်ဖြန်တွေမှာ အနံ့လှိုင်လှိုင်ထွက်ရအုံးမယ်
အခန်းထောင့်တစ်နေရာမှာထိုင်နေတဲ့
မုတ်ဆိတ်ဖြူတစ်ယောက်ရဲ့ ရွတ်ဖတ်သံက
မသိမှု သိမှု
မသိမှုသိမှု
မသိမှုသိမှု
သစ်ခေါက်ဆိုးဆေးအိုးထဲ
ပေတံတစ်ချောင်းထည့်ပြီး မွှေကြည့်လိုက်တော့
ကျွန်တော် ကူညီလိုက်တယ်
ကျွန်တော် ကြိုသိနေတယ်
ကျွန်တော် ပြောသားဘဲ
ကျွန်တော် မို့လို့ပေါ့ဗျာ
ဟိုတစ်စုဒီတစ်စု အုံးအုံးကြပ်ကြပ်
ဟိုတစ်စုဒီတစ်စု တိတ်တိတ်ဆိတ်ဆိတ်
ဒီနေ့တွေကို ရိုက်သတ်စားလိုက်တယ်
တစ်နေ့တစ်နေ့ ပရုတ်လုံးလို
လုံးပါးပါးလာတာလား
ရနံ့တွေနဲ့ သေဆုံးခံနေတာလား
ခင်ဗျားကိုမေးရင်
ကျွန် . . . `တော်´ လို့ဘဲဖြေအုံးမယ်
မနေ့ကတွေကိုအနံ့လှိုင်လှိုင်နဲ့
မနက်ဖြန်တွေမှာသိခဲ့ သယောင်ယောင်ဖြစ်ရအုံးမယ် ။ ။


မြူခိုး

No comments:

Post a Comment