N O T H I N G
မီးထွန်းကြည့်တော့
ကျွန်တော် . . . . .
တစ်ယောက်ထဲ
ဓူဝံကြယ်မြင်ချင်လို့
သံလိုက်အိမ်မြောင်ကြည့် မိတာ
ဘာဖြစ်လဲ
ရေစိုနေတဲ့ မီးရှုးပန်း
လမ်းတစ်နေရာက ကောက်လာတာ
ဘာဖြစ်လဲ
ကျွန်တော်က သူ့ကိုတအားအော်ပြီး
ပျံသန်းပေါက်ကွဲအောင် မလုပ်ပါဘူး
ဒီတိုင်းလဲ လှပါတယ် . . .
ရပါတယ် . . .
ဘားမှမဖြစ်ဘဲ မိုးရေတွေမှာ
ကိုယ့် ကိုယ် ကို ဒရွတ်တိုက်
ဆွဲ လာ တယ်
ပွဲတော်ရောက်တော့
အေးစက်လို့ ကွေးပြီး
ဆွေးရိရိ လင်းခိုက်ခိုက် ငေး
အဲ့ဒီမှာ
ကြေးခေတ်ရဲ့ ဆည်းဆာက
ပြန်ဖြစ်တယ်
ပြေးလမ်းမရှိဘဲ
ဆေးပျစ်ပျစ် ၀ိုင်ချိုမြစ်
ကျွန်တော့ရှေ့မှာ မျောနေတယ်
ရယ်ပြမိတယ်ထင်တာဘဲ
ဘာဖြစ်လဲ
ဟိုး . . . .
အဝေးမှာ
မိုးသားပြာလား
တိမ်မျှင်လား
ကျွန်တော်လား
ဘားမှမဟုတ်တာလား
. . . . . . ?
. . . . . . ?
သေချာရှာကြည့်တယ်
ဖြစ်တာတွေအားလုံး လွယ်ပါတယ်
ဘားမှမဖြစ်ချင်တော့ ခက်တယ်
နောက်ညလန့် မနိုးပါစေနဲ့ ။ ။
မြူခိုး (ငါးသုံး)
အေး အေး ဆေး ဆေး ဖတ် ကြည့် လိုက်တယ်...
ReplyDeleteကျွန်တော် အရင် က ငါးသုံးမှာတုန်း ကသေချာ မဖတ်မိတာကို
အခု တောင်းပန်ပါတယ်...
nice poem လို့ ပြောရင် ပုံမှန်ပြောနေကြ ကောင်းပါတယ်ဆိုတာထက်
ပို သင့်တော်မလားပဲ