Monday, October 12, 2009

ပန်ချီကားထဲမှ လူများ



မနေ့ကတွေကိုသိခဲ့ သယောင်ယောင်နဲ့
မနက်ဖြန်တွေမှာ အနံ့လှိုင်လှိုင်ထွက်ရအုံးမယ်
အခန်းထောင့်တစ်နေရာမှာထိုင်နေတဲ့
မုတ်ဆိတ်ဖြူတစ်ယောက်ရဲ့ ရွတ်ဖတ်သံက
မသိမှု သိမှု
မသိမှုသိမှု
မသိမှုသိမှု
သစ်ခေါက်ဆိုးဆေးအိုးထဲ
ပေတံတစ်ချောင်းထည့်ပြီး မွှေကြည့်လိုက်တော့
ကျွန်တော် ကူညီလိုက်တယ်
ကျွန်တော် ကြိုသိနေတယ်
ကျွန်တော် ပြောသားဘဲ
ကျွန်တော် မို့လို့ပေါ့ဗျာ
ဟိုတစ်စုဒီတစ်စု အုံးအုံးကြပ်ကြပ်
ဟိုတစ်စုဒီတစ်စု တိတ်တိတ်ဆိတ်ဆိတ်
ဒီနေ့တွေကို ရိုက်သတ်စားလိုက်တယ်
တစ်နေ့တစ်နေ့ ပရုတ်လုံးလို
လုံးပါးပါးလာတာလား
ရနံ့တွေနဲ့ သေဆုံးခံနေတာလား
ခင်ဗျားကိုမေးရင်
ကျွန် . . . `တော်´ လို့ဘဲဖြေအုံးမယ်
မနေ့ကတွေကိုအနံ့လှိုင်လှိုင်နဲ့
မနက်ဖြန်တွေမှာသိခဲ့ သယောင်ယောင်ဖြစ်ရအုံးမယ် ။ ။


မြူခိုး

ဝစ်လစ်စလစ်က ၀စ်လစ်စလစ်ကို







@ အလျားလိုက်၊ဒေါင်လိုက်
ယိုင်မျဉ်းတွေဟာ သံခွါကိုစွပ်ပြီး
နံရံတွေပေါ်ပြေးတက်သွား

@ နူတ်ခမ်းနှစ်လွှာကြားက
ရေခဲပိုင်းလေးဟာ
ပျံ ပျော် ပျောက် ဆုံး
အာနိသင်ရှိလှတဲ့ ဥတုသုံးပါဟာ
ပြုံးတော်မူတယ်

@ သောက်သုံးသူမဲ့ ကော်ဖီခါးခါးလေးက
လူသုံးကုန်ရောင်းတန်းဝင်ဖို့
`ဖြူစင်တဲ့ စိတ်ထားဟာ ကျွန်မအားနည်းချက်ပါရှင်တဲ့ ´

@ ဟိုမှာ အိုဇုန်းလွှာပေါက်တယ်ဆိုတဲ့ ငနဲဟာ
လူအလစ်မှာ
အလှုဖိနပ်ကို ကြုံးထည့်တယ် ခင်ဗျ
`အဆင်လေးတစ်ယောက်လောက် . . .
အဆင်လေးတစ်ယောက်လောက် . . . ´

@ အာသိသဟာ ယနေ့ခေတ်မှာ
လက်ချောင်းတွေနဲ့ ဖန်သားပြင်တွေပေါ်ကူးစက်
ရူးးးးးးးး တိုးတိုး ! ! ! ! ! ! ! !
တစ်မိုးအောက်တစ်ယောက်
( ပုံ / ခြင်ထောင်မိုး )

@ လျှက်စစ်စက်ဝန်းလေးက
မျက်ရည်ဟာ
brand ပေါင်းစုံနဲ့
expire date ကပ်ထားပါတယ်တဲ့

@ ကရော်. . . . ကရော် ဆို
ငယ်ငယ်ကရှက်တက်ပါတယ်

@ အသံလှိုင်းတွေဟာ
တိုးလွန်းမြင့်လွန်းသွားတာလား ?
ကိုယ့်ကိုယ်ကို
ပလစ်စတစ်လောင်းထားရမလား ?
အော်ပြီး ရောင်းမှာလား ?

@ မြေလျှိုး မိုးပျံ ရေငုတ်
မီးရှို့ မြေမြုတ် ရေမျှော
ယခုတလော
နာမည်ကောင်းလက်မှတ်တွေ
အရောင်းထိုင်းနေသလားလို့ ။ ။


မြူခိုး

ရုံတင်ကားကြီး



ပြီးပါပြီ

ပြီးပါပြီ

ခပ်သင့်သင့်ဘဲ စာတန်းထိုးလိုက်တယ်
ပြသချိန်က တစ်ကဒ်ထဲ


ကျွန်တော်ဟာ
မင်းသားလား
လူကြမ်းလား
အချော့တော်လား
ကြာကူလီဆိုတော့လဲ
ကြာကူလီပေါ့ ဗျာ
(ဘယ်အတန်းက ဘယ်လိုကြည့်ကြည့်ပါ)

ရုပ်ရည်ကတော့ မဆိုးပါဘူး
လက်ခုပ်တီး
ကျေးဇူးပြု၍
နေကြာစေ့များစားနိုင်ပါသည်

အခင်အမင်မပျက်ချင်သဖြင့်
ကောင်းပါပြီကောင်းပါပြီ နှင့်
အသံချဲ့ စက်လဲ ညောင်းညာနေပါပြီ

ဂါရဝေါစ
အမိုက်အမဲလေးကို
ခွင့်လွှတ်ပါ

ရွာသူတွေကများလွန်းတော့
ဘယ်သူပြုစားလေမလဲပေါ့

ဟုတ်ကဲ့ အမှန်တကယ်လိုအပ်နေတာပါ
ဇာတ်ဆရာရေ ကြည့်လို့တော့ကောင်းသားဗျ
ခင်ဗျားဆိုင်းကြောင့်တော့မဟုတ်ဘူး
လှုပ်လီလှုပ်လဲ့


အဟင့် . . .
ဒါ
နောက်ဆုံးပေါ် ချဲဆီနံပါတ်လေ
ရှေ့အက္ခရာနဲ့နောက်အက္ခရာ
ကြည့်ဝယ်ထားတာ

ဘယ်ဘုံမှာ မော်ဒယ်ရှိသလဲ မေမေ
အရှက်သိက္ခာနဲ့ ဆက်သွယ်ပေးကျပါ
မြေပြင်ရေပြင်လေဟာ

တစ်နာရီ မိုင် ၆၀
ဟုတ်သေးဘူး
မိုင် ၈၀ ဟုတ်သေးဘူး
မိုင် ၁၀၀
ယခုအချိန်တွင် သတင်းများကို ကြေငြာလို့ ပြီးတော့ပါမယ် ရှင်

အဲ့ဒီလိုနဲ့
ပုဆိုးခြုံတဲ့ ဘုံဆိုင်မှာ
လူ့လောကတွေ ဖွာလန်ကျဲ


ခြောက်နှစ်သားအရွယ်ချာတိတ်ငယ်က
ဆော်မှိုင်းတဲ့ဟေ့ !
နှစ်ကိုယ်ကြားပြောဖူးတယ်
`ကုန်ဆုံဆိုင်လေး ဖွင့်လို့ရရင်သူပြန်မယ်တဲ့´
ငိုရီမိန့်မော
ငိုရီမိန့်မော
အမှည့်ချွေ ချွေနေတာလား
သင်္ခါရ !


အတုတွေဟာ အစစ်ဖြစ်လာလိုက်တာ
တိုးတိုးပြောပါ ဦးရယ်
ဟိုဘက်အိမ်က ကောင်လေးလဲ
အကျီအဖြူ ၀တ်ဝတ်နေသတဲ့
ခပ်ကြောင်ကြောင်ရိုးသားခြင်းတောင်
ရိုးရာမပျက်ကိုးထားမှ ဖြစ်မယ်


အိတ်(စ်)ပို့တွေသိပ်များနေတယ်
ကွန်တိန်နာလိုလူနေမှုစနစ်မှာ
တစ်နေ့ကို နှစ်နာရီစာလောက်နဲ့
တိုက်တစ်ခန်း ဟန်းဖုန်းတစ်လုံးပေးတယ် ဆိုဘဲ

ကျုပ်သာမိန်းမဖြစ်ရင်
ကျုပ်သာမိန်းမဖြစ်ရင်
နှစ်ကိုယ်တူ မချစ်ချင်ပါနဲ့မောင်ရယ်
မောင်က အကျီအဖြူဝတ်

မီနစ်နှစ်ဆယ်စာလောက်ကို
အဲယားကွန်းလေးနဲ့ သလားလိုက်ကျအောင်လား

တိုးထွက်ကုန်တွေ ရှားပါးနေတယ်
ဇိုးဇိုးဇွက်ဇွက်
ဇိုးဇိုးဇွက်ဇွက်

နှာစေးချောင်းဆိုးဖြစ်မယ် သားရေ
မျက်နှာလေးတော့သစ်သစ်ပေး
(၃၁)ဘုံမှာ အုံးနှောက်ရှိရှိဖောက်ပြန်လို့ရတာ
ဒီတစ်ဘုံထဲရယ်

နုနုနယ်နယ်
ရင့်ရင့်သီးသီး
ပလုံစီမျိုးတော့
ယာတစ်လျှောက်
တာရိုးပေါက်နေပါပြီ

အဲ့လိုနဲ့
အသစ်အသစ်တွေ
ခေတ်သစ်ရဲ့ အသစ်တွေချည်းဘဲ ။ ။


မြူခိုး

Monday, August 10, 2009

ကျွန်တော် ခင်ဗျားကို လွင့်စင်ပေါက်ကွဲအောင်မလုပ်ပါဘူး ! ! !

ကျွန်တော် ခင်ဗျားကို လွင့်စင်ပေါက်ကွဲအောင်မလုပ်ပါဘူး ! ! !


ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့
အိပ်ယာဝင်ယုံတမ်းပုံပြင်တစ်ပုဒ်
လေ
ခင်ဗျားမှေးစက်ဖို့
ရစ်သမ်မှားကီးတွေတစ်ပွေ့တစ်ပို
ဒ်
ကျွန်တော့စာပေထဲမှာမရှိဘူး
ကျွန်တော့လူမှုဆက်ဆံရေးနယ်ပယ်မှာ
မရှိဘူး
ကျွန်တော့ရဲ့စိတ်ဒုတိယံမိတောကစာ
းလင့်ဖို့
ကျွန်တော်မကျွမ်းတဲ့နယ်မှာ
ကျွန်တော့ကိုယ်ကျွန်တော်ပစ်ရွှင်
းမှားသားကောင်လုပ်မယ်
ကဲ ...
ခင်ဗျား ...
ဘယ်သို့သောပျိုးကိုကြဲမလဲ
အိုဆွေးနေတဲ့ အလေ့ကျပင်များညွှတ်တွားခယ
ပရိတ်သတ်များနှာစေးချောင်းဆိုြး
ခင်းမပြုရ
အငိုလြယ္သူမ်ားရင္သင့္ဒဏ္ခံေ
ဒသသို့မလာရ
ကဲ ....
ဟောဒီဘုံပေါ်မှာဘဲခပ်ရိုင်းရိုင်
းလင့်အန်သီးမယ်
မရဲတစ်ရဲနဲ့ ကျွန်တော်ပြုံးရယ်မပြချင်ဘူးနော်
စပါးစေ့တစ်ထောက်စာ အလွှာပါးပါးအတွေးလဲ မဟုတ်ဘူး
ကိုယ့်ကိုကိုယ် လုပ်ကြံတယ်လို့ဘဲ ဆိုကြပါစို့

နိဂုံးချုပ်တော့ ထပ်ပြောရအုံးမယ်
ကျွန်တော်ခင်ဗျားကိုလွင့်စင်ပေါ
က်ကွဲအောင်မလုပ်ပါဘူး


မြူခိုး

N O T H I N G

N O T H I N G




မီးထွန်းကြည့်တော့


ကျွန်တော် . . . . .


တစ်ယောက်ထဲ




ဓူဝံကြယ်မြင်ချင်လို့


သံလိုက်အိမ်မြောင်ကြည့် မိတာ


ဘာဖြစ်လဲ



ရေစိုနေတဲ့ မီးရှုးပန်း


လမ်းတစ်နေရာက ကောက်လာတာ


ဘာဖြစ်လဲ



ကျွန်တော်က သူ့ကိုတအားအော်ပြီး


ပျံသန်းပေါက်ကွဲအောင် မလုပ်ပါဘူး


ဒီတိုင်းလဲ လှပါတယ် . . .


ရပါတယ် . . .



ဘားမှမဖြစ်ဘဲ မိုးရေတွေမှာ


ကိုယ့် ကိုယ် ကို ဒရွတ်တိုက်


ဆွဲ လာ တယ်



ပွဲတော်ရောက်တော့


အေးစက်လို့ ကွေးပြီး


ဆွေးရိရိ လင်းခိုက်ခိုက် ငေး



အဲ့ဒီမှာ


ကြေးခေတ်ရဲ့ ဆည်းဆာက


ပြန်ဖြစ်တယ်



ပြေးလမ်းမရှိဘဲ


ဆေးပျစ်ပျစ် ၀ိုင်ချိုမြစ်


ကျွန်တော့ရှေ့မှာ မျောနေတယ်


ရယ်ပြမိတယ်ထင်တာဘဲ


ဘာဖြစ်လဲ



ဟိုး . . . .


အဝေးမှာ


မိုးသားပြာလား


တိမ်မျှင်လား


ကျွန်တော်လား


ဘားမှမဟုတ်တာလား


. . . . . . ?


. . . . . . ?



သေချာရှာကြည့်တယ်


ဖြစ်တာတွေအားလုံး လွယ်ပါတယ်


ဘားမှမဖြစ်ချင်တော့ ခက်တယ်


နောက်ညလန့် မနိုးပါစေနဲ့ ။ ။



မြူခိုး (ငါးသုံး)

မီး ကိုး သူ များ






ခေတ်ကိုက -


ဟို အစားထိုး


ဒီ အစားထိုး


အာဒမ် လဲ နံရိုးတစ်ချောင်း


ပျောက်လို့ ခဏခဏ


အစားထိုးရပေါင်းများပြီ



ဟိုဟို ဒီဒီ


ပန်းနုရောင်


ဗလာငွေ့


သိပ်လှလွန်းလို့


စိတ်လှချင်လို့


(သူ)


မျို


မျို


ချ



ပိုးနုသူတွေ ခ၀ါခပ်


မသင်အပ်တဲ့ ပညာ



ဟိုဟို ဒီဒီပါပဲ


ရွေ့လျားပျံ


ဗလာငွေ့


သိပ်လှလွန်းတော့


သိပ် လှ ပ လွန်း တော့


မပျောက်ရှုံးဘဲ


မှိုင်းတွေတက်



နံ့


တွေ


အက်



အော် . . . .


ရေကြည်ယူဖို့


သူ့ဟာသူနေတဲ့


အနည်တွေ အစစ်ခံရ





မီး ကိုး သူ များ



မြူခိုး

မျဉ်းနီငှက်

မျဉ်းနီငှက်



ခပ်မှိန်မှိန် နေ၀ါချိန်တွေမှာ ကျွန်တော့အား ကိုက်ခဲလေ့ရှိသော ပူဖောင်းမလေး.....


ဒီလိုညနေတွေဆို ကျွန်တော်တို့ ဘောလုံးကန်လေ့ ရှိတဲ့ သုဝဏ္ဏကွင်း ပတ်လမ်းမှာ သူမ စက်ဘီးလာစီးနေကျ...


လေအခွဲမှာ သူ့ ဆံနွယ်တွေ လွင့်ပျံနေပြီး တစ်စုံတစ်ခုက ကိုယ်သင်းရနံ့ကို သယ်ဆောင်လာတယ် …..


ဖြူရော်ရော်မျက်နှာပေးနဲ့ အပြုံး သစ်ရွက်ကြွေသံလို ညှင်းသဲ့သဲ့ အသံလေး...


အဲဒီ သောက်ဆေးတွေနဲ့ ကျွန်တော်မူးဝေ ခေါင်းကိုက် ……….



ထိုအခါ ငါ၏မျဉ်းများသည် အရှေ့သို့လည်းမသွား အနောက်သို့လည်းမလား အလယ်တည့်တည့်၌ ရစ်ငိုတောင်းဆိုနေတော့ …….



အဲ့ဒီနေ့က သူ ရွှေငါးလေးနှစ်ကောင် ၀ယ်ပြီးပြန်အလာ ...


ကျွန်တော်က မိရိုးဖလာ ရည်းစားစကားလိုက်ပြောတယ်...


သူဝယ်လာတဲ့ ငါးလေးတစ်ကောင်ကတော့ ကျွန်တော့ကိုကြည့်ပြီး လေပူဖောင်းတွေ မှုတ်နေလေရဲ့....


ထိုအကောင်သည် အထီးကောင်ဖြစ်ပေသည်.....


ထို့ကြောင့် ချစ်သူ၏ ကြွတ်ကြွတ်အိတ်နှင့်ထုပ်ခြင်းကို ခံရ၏.....



ငါနှင့်ချစ်သူသည် ရွက်ဦးများလို လန်းသစ်ဆန်း....


ချစ်ခြင်း၏ တောင်ပံဖြူဖြူတပ်ဆင်မောင်း...


ခရမ်းပျိုရောင်တိမ်တွေ အကြောင်း ချစ်သူကို ငါကရေးပြ့


သူမကခပ်ပြုံးပြုံး နောက်တော့ရီလာ...


ငါရင်နှင့်ရင်းတဲ့ ပန်းပျိုးအလင်္ကာ


ညနေတွေကို ငါတောင်းတ မိုးနံ့သင့်တဲ့ လမ်းတွေမှာ


ချစ်သူက ငါ့နှလုံးသားကို တစ်လှမ်းချင်း ၀င်အလာ....




ငါ၏


...ရှင်ခြင်းသေခြင်း အမိန့်...


သူမ၏


.......နှုတ်ဖျားနှင်တံသို့ ပေးအပ်.......


.....ချစ်သူပျော်ဖို့.....


...လေသင့်ရာလွင့်ပါး...


.......မကြာခဏ ကိုက်ခဲသော.......


.....ဝေဒနာများကြောင့်.....


.....ငါ့မာတိကာတစ်ဝက်.....


...သူမအတွက်ပေးအပ်...


.........သူမအတွက် ပျိုးသော.........


.......ငါ့ရင်ကြားက သက်ရှည်ပင်များ.......


မြေလွတ်မြေရိုင်းမရှိစေရ။



…………………………………………………………………………………………………………………………….


အလည်က စာပိုဒ်၌ အသင်၏ချစ်သူက အသင့်အားပေးသော နွေးထွေးမှု ပျော်ရွှင်မှု ရန်ဖြစ်မှုများ ဖြည့်စွက်ပေးပါ ။ …………………………………………………………………………………………………………………………….



ဒီအချိန်ဟာ တောင်ကြိုးငှက်များ၏ စံတော်ချိန်...


စေးထန်းသော အဆီပြန်မျက်နှာများ ပျော်ပါးရာအရပ်...


မီးရောင်တစ်ဖျတ်ဖျတ်နဲ့ ဖွင့်ထားတဲ့ သံစဉ်တွေ “ ဒုံး . . . ဒုံး . . . ဒက် . . . ဒက် . . . “


ဖြူ ၊ နီ ၊ ပြာ ဆပ်ပြာပူဖောင်းမလေးတွေ ကြမ်းပ ၊ ရမ်းပ...


ငါရောက်နေတာ သူငယ်ချင်းတစ်ယောက်ရဲ့ နှုတ်ဆက်ပွဲ...


မှောင်စစ အခန်းထဲက ကောင်မလေးကိုယ်စီနဲ့ သူငယ်ချင်းများ...


ရိနောက်နောက်ဖြစ်နေတဲ့ ငါ့ရဲ့ခေါင်း အခန်းအပြင်ကို ထွက်ခဲ့လိုက်တယ်...


မှောင်ပြပြ လျှောက်လှမ်းတစ်လျှောက် ငါဆေးလိပ်ကိုမီးညှိ


အခန်းတစ်ခန်းရဲ့ ရှေ့အရောက်မှာ



ဒုန်းးးးးးးး


အခန်းတစ်ခန်း ထဲကထွက်လာတဲ့ ပူဖောင်းမလေးတစ်ယောက် …………


အလူးအလဲ နဲ့ ပြန်အထမှာ ကမ္ဘာပြိုမတက် ၀မ်းနည်း မျက်ဝန်းတစ်စုံ..........


စူးရဲစွာစိုက် ကြည့်နေတုံး သူထွက်ပြေးလို့သွား


သူဟာခွာသံမပေးဘဲ ထွက်သွားတဲ့ ငါ့ရဲ့ချစ်လှစွာသော မျဉ်းနီငှက်


……………………….


……………………….


……………………….


မျဉ်းနီငှက်



.......ပန်းနုရောင်တောက်တဲ့ တစ္ဆေတစ်ကောင်.......


.....ပန်ဒိုရာသေတ္တာမှ မျှော်လင့်ခြင်းရှိသေး.....



...ငါ့ရင်ဗလာဟောင်းနဲ့ ရုတ်တရက်မှောင်ကျ...


.......အဲ့ဒီမိုးတွေရွာတဲ့ တစ်ညမှာ.......


...အသွေးအသား အရာအားလုံး...


..........ကောင်းကင်ကို ပြန်တက်..........


.......အငွေ့ပျံခြင်းတစ်ချက်နဲ့......


...ပျောက်ဆုံးသွားတဲ့...


.......ပူဖောင်းမလေးရဲ့ လက်တစ်ဖက်.......



...ငါ့အိတ်ကပ်ထဲကလေးလံတဲ့...


.....ခဲတစ်လုံး.....


.....ဘယ်ရင်မှ မပစ်ရက်တာ.....



ဖြစ်ခဲ့တာ ညနေတွေလား


.....ညသေတွေလား.....


.........အသင်တို့ ပြောပါ.........



တစ်တောလုံး ကြွေပါစေ


ငါပျိုးမှာ လေဆန်ပျံမဲ့


မျဉ်းနီငှက်


မြူခိုး

(ငါးသုံး)

ညစ်တစ်တစ် ALBUM တစ်ခု

http://rookery3.aviary.com/storagev12/1673000/1673475_5f9d_625x625.jpg


ညစ်တစ်တစ် ALBUM တစ်ခု

ကမ္ဘာမြေရယ်ကောင်းကင်ကြီးရယ်
တည်ရှိပေးရင်ပြည့်စုံပါပြီ
နေတစ်လုံးပိုလဲ ဒီမြေပုံကြမ်းကြီးထဲမှာဘဲ
ပတ်ဝန်းကျင်ရဲ့ ရစ်သမ်ညစ်ညစ်တွေက
ငါ့အတွက်တော့ ရှင်သန်မှုပေါ့

ဒါပေမယ် . . .
ကန္တာရထဲက ငါ့အတွက်
ဘုရားသခင်ကတောင် အိုအေစစ်တစ်ခုနဲ့
မိတ်ဆွေဖွဲ့ပေးခဲ့ပါသေးတယ်
သူဟာတိမ်ပြာလိပ်တွေကို ဖန်ဆင်းစေတဲ့
ငါ့ဘ၀ရဲ့ တစ်ဦးတည်းသော ဧ၀လေးပေါ့

ငါထင်တယ်လေ . . .
သူ့ရင်ထဲမှာလဲ ငါ့အတွက်
တိမ်ရုပ်လေးတွေ ရေးဆွဲခဲ့သလို
ငါ့ရင်ထဲမှာလဲ သူအတွက်
နှင်းဆီခင်းကို ပျိုးလို့သာပေါ့

ဒီအချိန်မှာ . . .
ငါနဲ့မိတ်ဆွေမဖြစ်ခဲ့တဲ့ ကြမ္မာနတ်သားဟာ
ငါ့ရဲ့ဧ၀လေးကို `သူမ´မသိသေးတဲ့
ဘာသာစကားတွေနဲ့ ဖျားယောင်းခဲ့လေရှဲု

နောက်ဆုံးတော့လဲ . . .
အလင်းဝင်တဲ့ ဖလင်လိပ်နဲ့
ငါသိပ်ချစ်တဲ့ ဧ၀ လေးကို
ကမ္ဘာတစ်ခုဆောက်ပေးခဲ့တယ်လေ . . . ။

(ငါ့ဥယျာဉ်ထဲမှာတော့ နှင်းဆီပင်တွေ အပွင့်ပျောက်ခဲ့ပေါ့ )
(...............................................................................)

မြူခိုး

၂၀၀၂ ခုနှစ်က ORION သူငယ်ချင်းများနှင့် ထုတ်ဝေခဲ့သော စာအုပ်လေးမှ -