Monday, August 10, 2009

ညစ်တစ်တစ် ALBUM တစ်ခု

http://rookery3.aviary.com/storagev12/1673000/1673475_5f9d_625x625.jpg


ညစ်တစ်တစ် ALBUM တစ်ခု

ကမ္ဘာမြေရယ်ကောင်းကင်ကြီးရယ်
တည်ရှိပေးရင်ပြည့်စုံပါပြီ
နေတစ်လုံးပိုလဲ ဒီမြေပုံကြမ်းကြီးထဲမှာဘဲ
ပတ်ဝန်းကျင်ရဲ့ ရစ်သမ်ညစ်ညစ်တွေက
ငါ့အတွက်တော့ ရှင်သန်မှုပေါ့

ဒါပေမယ် . . .
ကန္တာရထဲက ငါ့အတွက်
ဘုရားသခင်ကတောင် အိုအေစစ်တစ်ခုနဲ့
မိတ်ဆွေဖွဲ့ပေးခဲ့ပါသေးတယ်
သူဟာတိမ်ပြာလိပ်တွေကို ဖန်ဆင်းစေတဲ့
ငါ့ဘ၀ရဲ့ တစ်ဦးတည်းသော ဧ၀လေးပေါ့

ငါထင်တယ်လေ . . .
သူ့ရင်ထဲမှာလဲ ငါ့အတွက်
တိမ်ရုပ်လေးတွေ ရေးဆွဲခဲ့သလို
ငါ့ရင်ထဲမှာလဲ သူအတွက်
နှင်းဆီခင်းကို ပျိုးလို့သာပေါ့

ဒီအချိန်မှာ . . .
ငါနဲ့မိတ်ဆွေမဖြစ်ခဲ့တဲ့ ကြမ္မာနတ်သားဟာ
ငါ့ရဲ့ဧ၀လေးကို `သူမ´မသိသေးတဲ့
ဘာသာစကားတွေနဲ့ ဖျားယောင်းခဲ့လေရှဲု

နောက်ဆုံးတော့လဲ . . .
အလင်းဝင်တဲ့ ဖလင်လိပ်နဲ့
ငါသိပ်ချစ်တဲ့ ဧ၀ လေးကို
ကမ္ဘာတစ်ခုဆောက်ပေးခဲ့တယ်လေ . . . ။

(ငါ့ဥယျာဉ်ထဲမှာတော့ နှင်းဆီပင်တွေ အပွင့်ပျောက်ခဲ့ပေါ့ )
(...............................................................................)

မြူခိုး

၂၀၀၂ ခုနှစ်က ORION သူငယ်ချင်းများနှင့် ထုတ်ဝေခဲ့သော စာအုပ်လေးမှ -

No comments:

Post a Comment